WordPress.org

News

Tag: blog

ဧရာ ဘာကြောင့်သုံးလဲ Why Ayar ?

Tag: blog

  • ဧရာ ဘာကြောင့်သုံးလဲ Why Ayar ?

    ဧရာ ဘာကြောင့်သုံးလဲ သိချင်ကြရင် http://atp.ayar.co/2011/03/25/why-used-ayar-in-wordpress/ မှာ ရေးထားပါတယ်။ အဲဒီမှာဖတ်ကြည့်ကြပါ။ အဲဒီမှာ ပြောထားတာတွေကို ဧရာအပါအဝင် ယူနီကုတ်သမားတွေအကုန်လုံး ဝိုင်းပြီးဖြေရှင်းနိုင်ပြီဆိုရင် ယူနီကုတ်ကို ကျွန်တော်ပြောင်းသုံးမှာဖြစ်ပါတယ်။ ကျွန်တော့်ဆီကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးသုံးပြီး အီးမေးလ်တွေ မပို့ကြပါနဲ့လို့ ပြောလိုပါတယ်။ ဒီလိုအီးမေးလ်တွေ အစောင်တစ်သိန်းလောက်ပဲပို့ပို့ မြန်မာတစ်နိုင်ငံလုံးက လူဦးရေ သန်း ၆၀ ကပဲပို့ပို့ ပြောင်းမှာမဟုတ်ပါဘူး။ နှောက်ယှက်တယ်လို့ပဲ သတ်မှတ်ပါမယ်။ ကျွန်တော်က ကျွန်တော်လုပ်နိုင်တာကို လုပ်ထားတာဖြစ်လို့။ ယူနီကုတ်သမားတွေလည်း လုပ်နိုင်တာ လုပ်ကြဖို့ နဲ့ လုပ်သင့်တာကို လုပ်ကြဖို့ ဒီနေရာကနေတိုက်တွန်းပါတယ်။

    Read Post

  • ဧရာ စာလုံးပြောင်း ကွန်ဗက်တာ

    ဧရာ စာလုံးပြောင်း ကွန်ဗက်တာကို သုံး၍ လက်ရှိ လွှင့်တင်ထားပြီးဖြစ်သော WordPress အသုံးပြု ဝဘ်ဆိုဒ်များ၊ ဘလော့ဂ်များကို ယခုဖြန့်ချိထားသော့ WordPress မြန်မာဘာသာပြန်မူဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန် ဒေတာဗေ့အားလုံးကို ပြောင်းလဲ၍ ရပါသည်။ ထိုသို့ပြောင်းလဲလိုပါလျှင် ပထမဆုံးအနေနှင့် သင့်ဘလော့ဂ် သို့မဟုတ် ဆိုဒ်ရှိ ဒေတာဗေ့အားလုံးကို သင့်ကွန်ပြူတာသို တင်ပို့ပေးရန်လိုပါသည်။ ထိုသို့ပြုလုပ်နိုင်ရန် နည်းလမ်းများကို ရှင်းပြပေးသွားပါမည်။ အဆင့် ၁ ။ ။ သင့် WordPress ဆိုဒ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံကိုဖွင့်ပါ။ အင်္ဂလိပ် ဗားရှင်းကို လက်ရှိအသုံးပြုထားလျှင် – tools -> export (မြန်မာဘာသာဖြင့် – ကိရိယာများ -> တင်ပို့ရန်) ကို သွားပါ သင့်တွင် WordPress export/import လုပ်သည့်…

    Read Post

  • ဧရာ ဝဘ် ကစ် အကြောင်း

    ဧရာ ဝဘ် ကစ်သည် ယခု ဖြန့်ချိထားသော WordPress မြန်မာဘာသာပြန်မူ ဖြင့် တွဲဖက် သုံးရန် အကောင်းဆုံး ပလပ်အင်တစ်ခုဖြစ်သည်။ ဧရာ ဝဘ်ကစ်တွင် ဖောင့်မြှုပ်ထည့်သွင်းခြင်းကို အပြည့်အဝထောက်ပံ့ ထည့်သွင်းပေးထားသည်။ စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံရှိ စာလုံးများကို ဧရာဖောင့်ဖြင့် ကောင်းမွန်လှပစွာ ဖော်ပြပေးနိုင်ရန် ပြုလုပ်ပေးထားသည်။ ထိန်းချုပ်ခလုပ်ခုံ၏ အရောင်တွဲစပ်မှုကိုလည်း မူလ WordPress တွင်ပါရှိသော မီးခိုးရောင်နှင့် အပြာရောင်အပြင် အစိမ်းရောင်သို့ပါ ပြောင်းလဲ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည်။ ထိန်းချုပ်ခလုပ်ခုံတွင် ဖော်ပြထားသည့် WordPress တံဆိပ်နေရာတွင် စိတ်ကြိုက် တံဆိပ်တစ်ခုပြောင်းလဲထည့်သွင်းပေးနိုင်သည်။ လွှင့်တင်ထားသော ဆိုဒ် ရှေ့စာမျက်နှာများတွင် မှတ်ချက်ပေးသည့်နေရာတွင် TinyMCE Editor ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည်။ ထို အယ်ဒီတာတွင် မိမိကွန်ပြူတာ၌ စာရိုက်စနစ်များ၊ ဖောင့်စာလုံးများထည့်သွင်းထားရန်မလိုပဲ…

    Read Post