၃.၁.၄

၃.၁.၄ ကို ဒီနေ့ဖြန့်ချိပေးလိုက်ပါတယ်။ ၃.၂ အတွက် ပြင်ဆင်ထားတဲ့ အမှားပြင်ဆင်ချက်တွေကိုပါ ပေါင်းထည့်ပေးထားပါတယ်။ ၃.၂ လဲ မကြာမှီမှာ ထွက်လာတော့မှာ ဖြစ်ပါတယ်။ အခု RC-3 ကို ရောက်ပါပြီ။ RC-3 ကို မြန်မာဘာသာနဲ့တော့ ထုတ်မပေးသေးပါဘူး နောက်ပိုင်း ဗားရှင်းတွေဆိုရင်တော့ ဘီတာနဲ့ အာစီတွေပါ ထုတ်ပေးနိုင်အောင် ကြိုးစားပါမယ်။ ၃.၂ ထွက်တဲ့အခါ bbPress ဖိုရမ်အတွက် ပါထုတ်ပေးနိုင်ဖို့ ကြိုးစားပါမယ်။ bbPress က ဖိုရမ်တစ်ခုလုပ်ဖို့အတွက် အလွန်လွယ်ကူပါတယ်။ ၃.၂ ထွက်တဲ့အခါ ဧရာ ဝဘ်ကစ်ကို ပိတ်ထားပြီးမှ update လုပ်ကြဖို့ အကြံပြုပါတယ်။ ဧရာ ဝဘ်ကစ်ကို အသစ်ပြင်နေတာ မပြီးသေးတဲ့အတွက် ၃.၂ နဲ့ အဆင်မပြေတာတစ်ချို့ရှိနေပါတယ်။ ၃.၂ ထွက်တဲ့အခါ အသုံးပြုလို့ရမရကို တစ်ခါတည်း ကြော်ငြာပေးပါမယ်။