WordPress ထည့်သွင်းမှု အဆင့်ဆင့် သရုပ်ပြ

WordPress ထည့်သွင်းမှု လုပ်ငန်းစဉ်ကို ရုပ်ပုံသရုပ်ပြများဖြင့် ရှင်းလင်းဖော်ပြပေးပါမည်။

ပထမဆုံးအနေဖြင့် ဤဝဘ်ဆိုဒ်မှ WordPress မြန်မာဘာသာပြန်မူကို ရယူ၍ သင်လွှင့်တင်မည့် ဝဘ်ဆာဗာပေါ်သို့ FTP ပရိုဂရမ် တစ်ခုခုကို အသုံးပြု၍ တင်ပို့ပါ။ ထိုသို့တင်ပို့ပြီးလျှင် သင့်ဆာဗာပေါ်ရှိ WordPress မြန်မာဘာသာပြန်မူကို တင်ပို့ထားသော တည်နေရာသို့ လိပ်စာကို အင်တာနက် ဘရောက်ဇာတွင် ဖွင့်လိုက်ပါက အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်ပါသည်။

စနစ်ဖွဲ့စည်းပုံဖိုင် ပြုလုပ်ခြင်း

ထိုအဆင့်ကို ဆက်လက်ပြုလုပ်ပါလျှင် ဒုတိယ အဆင့်အနေဖြင့် အောက်ပါအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။

လိုအပ်သော အချက်အလက်စာရင်း

နောက်တစ်ဆင့်ကို ဆက်သွားပါ။ ဒေတာဗေ့ ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းပေးရမည့် စာမျက်နှာကို တွေ့ရပါမည်။ ဒေတာဗေ့ဆိုင်ရာ အချက်အလက်များမှာ သင့်အား ဝန်ဆောင်မှုပေးထားသော ကုမ္ပဏီထံမှ ရယူထားရပါမည်။

ဒေတာဗေ့ ဆိုင်ရာ အချက်အလက်များ ဖြည့်သွင်းမှု

နောက်တစ်ဆင့်သည် WordPress ဒေတာဗေ့များကို သင့် MySQL ဆာဗာသို့ ချိတ်ဆက်မည့် အဆင့်ဖြစ်ပါသည်။

ဒေတာဗေ့ချိတ်ဆက်မှု

ဤအဆင့်တွင် သင့်ဆိုဒ်၏ အမည်နှင့် သင့်သုံးသူအမည် စကားဝှက်တို့ကို ဖြည့်သွင်းပေးရပါမည်။ ဖြည့်သွင်းပြီးလျှင် သင့် WordPress ထည့်သွင်းမှု၏ နောက်ဆုံးအပိုင်းကို လုပ်ဆောင်မည်ဖြစ်ပါသည်။

WordPress ထည့်သွင်းမှု

WordPress ထည့်သွင်းမှု ပြီးဆုံးကြောင်း အသိပေးသော စာမျက်နှာကို တွေ့ရမည်ဖြစ်ပါသည်။ သင့်သုံးသူအမည်နှင့် စကားဝှက်ကို ဖော်ပြပေးထားမည်ဖြစ်သည်။

WordPress ထည့်သွင်းမှု ပြီးဆုံးခြင်း

ထည့်သွင်းမှုပြီးဆုံးပါက ဝင်ရောက်ရန် စာမျက်နှာသို့ ရောက်ရှိပါမည်။

ဝင်ရောက်ရန် စာမျက်နှာ

ထိုစာမျက်နှာမှ တဆင့်ဝင်ရောက်လိုက်လျှင် စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံ စာမျက်နှာကို တွေ့မြင်ရမည်ဖြစ်ပါသည်။

ထိန်းချုပ်ခလုပ်ခုံ

WordPress ထည့်သွင်းမှု ပြီးဆုံးသည်နှင့် မြင်တွေ့ရမည့် သင့်ဆိုဒ်၏ နမူနာပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဆိုဒ် နမူနာပုံစံ

၃.၁.၁ ဖြန့်ချိမှု

WordPress ၃.၁.၁ ကို ဆက်လက်၍ ဖြန့်ချိန်ပေးလိုက်ပါသည်။ ဗားရှင်း ၃.၁ ၏ လုံခြုံရေးဆိုင်ရာ ဖြည့်စွက်ပြင်ဆင်ချက်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန် ကြိုးစားပေးထားပါသည်။ မူရင်း WordPress ၏ ဗားရှင်း ၃.၁.၁ ဖြန့်ချိမှုကို ကြော်ငြာချိန်မှ နာရီပိုင်းအတွင်း မြန်မာဘာသာပြန်မူကိုပါ ဗားရှင်း ၃.၁.၁ ကို ပြောင်းလဲ ပြင်ဆင်ဖြည့်စွက်ပေးထားပါသည်။ ဗားရှင်း ၃.၁ တွင် ပလပ်အင်အချို့နှင့် အဆင်မပြေမှုများရှိပါက အမြန်ဆုံး ၃.၁.၁ သို့ အဆင့်မြှင့်တင်သင့်ပါသည်။ WordPress ၃.၁.၁ ဖြန့်ချိမှု သတင်းကို https://wordpress.org/news/2011/04/wordpress-3-1-1/ တွင် သွားရောက်ဖတ်ရှုနိုင်ပါသည်။