ဧရာ ဘာကြောင့်သုံးလဲ Why Ayar ?

ဧရာ ဘာကြောင့်သုံးလဲ သိချင်ကြရင် http://atp.ayar.co/2011/03/25/why-used-ayar-in-wordpress/ မှာ ရေးထားပါတယ်။ အဲဒီမှာဖတ်ကြည့်ကြပါ။ အဲဒီမှာ ပြောထားတာတွေကို ဧရာအပါအဝင် ယူနီကုတ်သမားတွေအကုန်လုံး ဝိုင်းပြီးဖြေရှင်းနိုင်ပြီဆိုရင် ယူနီကုတ်ကို ကျွန်တော်ပြောင်းသုံးမှာဖြစ်ပါတယ်။ ကျွန်တော့်ဆီကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးသုံးပြီး အီးမေးလ်တွေ မပို့ကြပါနဲ့လို့ ပြောလိုပါတယ်။ ဒီလိုအီးမေးလ်တွေ အစောင်တစ်သိန်းလောက်ပဲပို့ပို့ မြန်မာတစ်နိုင်ငံလုံးက လူဦးရေ သန်း ၆၀ ကပဲပို့ပို့ ပြောင်းမှာမဟုတ်ပါဘူး။ နှောက်ယှက်တယ်လို့ပဲ သတ်မှတ်ပါမယ်။ ကျွန်တော်က ကျွန်တော်လုပ်နိုင်တာကို လုပ်ထားတာဖြစ်လို့။ ယူနီကုတ်သမားတွေလည်း လုပ်နိုင်တာ လုပ်ကြဖို့ နဲ့ လုပ်သင့်တာကို လုပ်ကြဖို့ ဒီနေရာကနေတိုက်တွန်းပါတယ်။