ဧရာ စာလုံးပြောင်း ကွန်ဗက်တာ

ဧရာ စာလုံးပြောင်း ကွန်ဗက်တာကို သုံး၍ လက်ရှိ လွှင့်တင်ထားပြီးဖြစ်သော WordPress အသုံးပြု ဝဘ်ဆိုဒ်များ၊ ဘလော့ဂ်များကို ယခုဖြန့်ချိထားသော့ WordPress မြန်မာဘာသာပြန်မူဖြင့် ပြောင်းလဲအသုံးပြုနိုင်ရန် ဒေတာဗေ့အားလုံးကို ပြောင်းလဲ၍ ရပါသည်။ ထိုသို့ပြောင်းလဲလိုပါလျှင် ပထမဆုံးအနေနှင့် သင့်ဘလော့ဂ် သို့မဟုတ် ဆိုဒ်ရှိ ဒေတာဗေ့အားလုံးကို သင့်ကွန်ပြူတာသို တင်ပို့ပေးရန်လိုပါသည်။

ထိုသို့ပြုလုပ်နိုင်ရန် နည်းလမ်းများကို ရှင်းပြပေးသွားပါမည်။

အဆင့် ၁ ။ ။ သင့် WordPress ဆိုဒ်၏ စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံကိုဖွင့်ပါ။ အင်္ဂလိပ် ဗားရှင်းကို လက်ရှိအသုံးပြုထားလျှင် – tools -> export (မြန်မာဘာသာဖြင့် – ကိရိယာများ -> တင်ပို့ရန်) ကို သွားပါ သင့်တွင် WordPress export/import လုပ်သည့် ပလပ်အင် ထည့်သွင်းမထားရသေးပါက ပလပ်အင်ထည့်သွင်းရန် လုပ်ဆောင်ရမည့် အဆင့်များ ပေါ်လာပါမည်။ ထိုအဆင့်များကို ပြီးဆုံးအောင်လုပ်ပါ။ ပြီးလျှင် tools -> export တွင် သင့် ဒေတာဗေ့ကိုတင်ပို့နိုင်ပါပြီ။

အဆင့် ၂ ။ ။ တင်ပို့ထားသော ဒေတာဗေ့များကို http://add.ayar.co မှ ကွန်ပြူတာတွင် ထည့်သွင်း အသုံးပြုရသည့် ဧရာ စာလုံးပြောင်း ကွန်ဗက်တာ သို့မဟုတ် ဧရာ အွန်လိုင်း ကွန်ဗက်တာ ကို သုံး၍ လည်းကောင်း ဧရာယူနီကုတ်သို့ပြောင်းပါ။

အဆင့် ၃ ။ ။ ပြောင်းပြီးလျှင် tools -> import (မြန်မာဘာသာဖြင့် – ကိရိယာများ -> တင်သွင်းရန်) ကိုသွား၍ ဒေတာဗေ့ဖိုင်ကို ပြန်လည်တင်သွင်းနိုင်ပါသည်။

မှတ်ချက် ။ ။ အကယ်၍ ဒေတာဗေ့ကို ပြောင်းလဲရာတွင်လည်းကောင်း ပြန်လည်တင်ပို့မှု ပြုလုပ်ရာတွင်လည်းကောင်း အဆင်မပြေမှုများ အခက်အခဲများရှိပါက မြန်မာ့ပရက်စ်တွင် အကူအညီတောင်းခံနိုင်ပါသည်။
လိုအပ်ပါက မြန်မာ့ပရက်စ်မှ ကူညီ၍ ပြောင်းပေးမည်ဖြစ်ပါသည်။