ဧရာ ဝဘ် ကစ် အကြောင်း

ဧရာ ဝဘ် ကစ်သည် ယခု ဖြန့်ချိထားသော WordPress မြန်မာဘာသာပြန်မူ ဖြင့် တွဲဖက် သုံးရန် အကောင်းဆုံး ပလပ်အင်တစ်ခုဖြစ်သည်။ ဧရာ ဝဘ်ကစ်တွင် ဖောင့်မြှုပ်ထည့်သွင်းခြင်းကို အပြည့်အဝထောက်ပံ့ ထည့်သွင်းပေးထားသည်။ စီမံအုပ်ချုပ်မှုဆိုင်ရာ ထိန်းချုပ်ခလုပ်ခုံရှိ စာလုံးများကို ဧရာဖောင့်ဖြင့် ကောင်းမွန်လှပစွာ ဖော်ပြပေးနိုင်ရန် ပြုလုပ်ပေးထားသည်။ ထိန်းချုပ်ခလုပ်ခုံ၏ အရောင်တွဲစပ်မှုကိုလည်း မူလ WordPress တွင်ပါရှိသော မီးခိုးရောင်နှင့် အပြာရောင်အပြင် အစိမ်းရောင်သို့ပါ ပြောင်းလဲ အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည်။ ထိန်းချုပ်ခလုပ်ခုံတွင် ဖော်ပြထားသည့် WordPress တံဆိပ်နေရာတွင် စိတ်ကြိုက် တံဆိပ်တစ်ခုပြောင်းလဲထည့်သွင်းပေးနိုင်သည်။ လွှင့်တင်ထားသော ဆိုဒ် ရှေ့စာမျက်နှာများတွင် မှတ်ချက်ပေးသည့်နေရာတွင် TinyMCE Editor ကို အသုံးပြုနိုင်ရန် ပြုလုပ်ပေးထားသည်။ ထို အယ်ဒီတာတွင် မိမိကွန်ပြူတာ၌ စာရိုက်စနစ်များ၊ ဖောင့်စာလုံးများထည့်သွင်းထားရန်မလိုပဲ ဧရာစာလုံးကို အသုံးပြု၍ တိုက်ရိုက် ရိုက်သွင်းရေးသားနိုင်သည့် စာရိုက်စနစ်ပါထည့်သွင်းပေးထားသည်။ WordPress ကို အသုံးပြုထားသည့် ဆိုဒ်တစ်ခုလုံးရှိ စာရိုက်သွင်းရန် နေရာများအားလုံးကို ထိုလက်ကွက် စာရိုက်စနစ်ဖြင့် အသုံးပြုရိုက်နှိပ်နိုင်သည်။ ဤ ဧရာဝဘ်ကစ်ကို အသုံးပြုထားပါက မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည့်သည့်ကွန်ပြူတာမှ မဆို မြန်မာစာကို ကောင်းမွန်စွာ ဖတ်ရှု ရေးသားမှုများပြုလုပ်နိုင်ပါသည်။ ထို့ပြင် ဧရာအွန်လိုင်းအယ်ဒီတာကို အသုံးပြုရန် ဖွင့်ထားပေးပါက မိမိ အဓိပ္ပါယ်သိရှိလိုသော စကားလုံးကို ကလစ်နှစ်ချက်နှိပ်သည်နှင့် ပေါ့အပ်ပွင့်ထွက်သော ဝင်းဒိုးတစ်ခုဖြင့် ထိုစာလုံး၏ အဓိပ္ပါယ်ကို ဖော်ပြပေးမည်ဖြစ်သည်။ ဧရာဝဘ်ကစ်ကို ဒီမှာရယူနိုင်ပါသည်။ အသေးစိတ် သိလိုသည်များရှိပါက မြန်မာ့ပရက်စ် တွင် မေးမြန်းနိုင်ပါသည်။