WordPress ၃.၈

၂၀၁၃ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာလအတွင်းမှာပဲ WordPress ဘာသာပြန် ၃.၆ ၊ ၃.ရ ကို တစ်လအတွင်း ဆက်တိုက် ထုတ်ပေးဖြစ်ခဲ့ပါတယ်။ ၃.ရ ထုတ်ပေးပြီးလို့ မကြာခင်မှာပဲ ၃.ဂ ဟာ ပြောင်းလဲမှု များစွာနဲ့အတူ ထပ်မံ ထွက်ရှိလာပါတယ်။ ဒါနဲ့ ၃.ဂ ကိုလည်း ၃.ရ ထုတ်ပေးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ပြီးစီးအောင် လုပ်ခဲ့တယ်။ ထုတ်ပေးဖို့ကိုတော့ အမှတ်တရဖြစ်အောင် ဒီလအတွင်းမှာ ကျရောက်မယ့် ခရစ္စမတ်နေ့နဲ့ နှစ်သစ်ကူးနေ့တွေအပြင် 2013 SEA GAMES ပိတ်ပွဲကိုပါ ထည့်သွင်း စဉ်းစားခဲ့ပြီး ယနေ့ကျရောက်တဲ့ 2013 SEA GAMES ပိတ်ပွဲကို ရွေးချယ်ခဲ့တယ်။

Charlie Parker ကို အစွဲပြုပြီး Parker လို့ အမည်ပေးထားတဲ့ WordPress ၃.ဂ မှာ ဘာတွေ ပြောင်းလဲလာသလဲဆိုတော့ –

ခေတ်သစ် အနုအလှ

WordPress ၃.ဂ ခေတ်သစ်အနုအလှ
WordPress ၃.ဂ ဟာ အရင် ဗားရှင်းတွေနဲ့မတူ တမူထူးခြားတဲ့ ထိန်းချုပ်ခလုပ်ခုံ အသွင်အပြင်နဲ့ မိတ်ဆက်ပေးခဲ့တာပါ။ ရိုးရှင်းမှုနဲ့သပ်ရပ်မှုကို အသားပေးထားပြီး သစ်လွင်စနစ်ကျတဲ့ ဒီဇိုင်းကို WordPress အသစ်ရဲ့ ထိန်းချုပ်ခလုပ်ခုံမှာ ထည့်သွင်းထားပါတယ်။ Icon တွေကိုလည်း ပုံတွေအစား Icon Font တွေနဲ့ အသုံးပြုထားပါတယ်။ ယခင် ၃.ရ မှာလည်း Icon Font တွေကို အသုံးပြုခဲ့ပါတယ်။

WordPress ၃.ဂ ဒီဇိုင်း

ရှင်းလင်းသော စာလုံးပုံစံ

စားပွဲတင်ကွန်ပြူတာနှင့် မိုဘိုင်းကိရိယာများမှကြည့်သောအခါ အကောင်းဆုံးအနေအထားဖြစ်တဲ့ Open Sans စာလုံးများကို ရိုးရှင်းပြီး ရင်းနှီးသည့် စာသားများမှာ အသုံးပြုထားပါတယ်။

အချောသတ် ပြတ်သားမှု

လှပတဲ့ ဒီဇိုင်းတစ်ခုအတွက် အထူးဂရုပြုပြီး ကြည့်ရှုနေစရာ မလိုတော့ပါဘူး။ ပြတ်သားကြည်လင် ကြီးမားပြီး သက်တောင့်သက်သာရှိသော ပုံစံနဲ့ ဒီဇိုင်းအသစ်က ဖတ်ရန်လွယ်ကူပြီး သွားလာဖို့ လွယ်ကူစေပါတယ်။


WordPress ၃.ဂ Responsive

ကိရိယာအားလုံးပေါ်မှ WordPress

အင်တာနက်ကို နည်းလမ်းမျိုးစုံနဲ့ ကျွန်တော်တို့ အသုံးပြုကြပါတယ်။ စမတ်ဖုန်း၊ တက်ဘလက်၊ နုတ်ဘုတ်၊ စားပွဲတင်ကွန်ပြူတာ — ကဲယခု သင့်ဘာပဲသုံးသုံး WordPress က အလိုလို အဆင်ပြေစေဖို့ ထိန်းချုပ်ခလုပ်ခုံကို Responsive ဒီဇိုင်းအနေနဲ့ ၃.ဂ မှာ ဖန်တီးထုတ်လုပ်လိုက်ပါပြီ။

အရည်အသွေးမြင့် မြန်နှုန်းမြင့်မြင့်

ဖန်သားပြင်အလိုက် စကေးကိုက်ဖော်ပြနိုင်တဲ့ ဗက်တာအခြေခံ သင်္ကတေပုံများနဲ့ WordPress ဟာ အရင်ကထက် ပိုမို ပြတ်သားကြည်လင်လာပါတယ်။ ပစ်ဇယ်များအား အပြောင်းအလဲပြုလုပ်ခြင်းဖြင့် စာမျက်နှာများ ဖွင့်လှစ်ချိန်မှာလည်း အတော်လေး ပိုမိုမြန်ဆန်လာပြီဖြစ်တယ်။

 


 

ထိန်းချုပ်ခလုပ်ခုံ အရောင်ရွေးရန်

WordPress ထိန်းချုပ်ခလုပ်ခုံ အရောင်
ထိန်းချုပ်ခလုပ်ခုံကို အရောင်အသွေး စုံလင်စွာနဲ့ မြန်ဆန်လွယ်ကူအောင် အသုံးပြုနိုင်ဖို့ MP6 လို Plugin ကို မေ့ထားလို့ ရပါပြီ။ MP6 ရဲ့ဖန်ရှင်တွေဟာ WordPress ၃.ဂ မှာ အသင့်ပါလာပြီပဲ ဖြစ်ပါတယ်။ အရောင်အတွဲအစပ်ကို ပြောင်းလဲဖို့ ကိုယ်ရေးမှတ်တမ်းမှာ သွားရောက်ရွေးချယ်နိုင်ပါတယ်။


ဆန်းသစ်သော အခင်းအကျင်း စီမံခန့်ခွဲမှု

responsive

နောက်ထပ် ပြောင်းလဲမှု တစ်ခုကတော့ အခင်းအကျင်း စာမျက်နှာပါပဲ။ လျှင်မြန်စွာ စမ်းသပ်စစ်ဆေး နိုင်ဖို့များစွာ ပြုပြင်ထားပါတယ်။ အခင်းအကျင်းတစ်ခုကို စီမံခန့်ခွဲဖို့ ကလစ်တစ်ချက်သာ နှိပ်လိုက်ရုံပါ။ အခင်းအကျင်း တစ်ခုနဲ့တစ်ခုကို ကီးဘုတ်က မြားလေးတွေ အသုံးပြုပြီး ရွှေ့ပြီး ထည့်ထားသမျှ အခင်းအကျင်းတွေကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

ဝစ်ဂျက်တွေကို စီမံဖို့ ရှုပ်ထွေးနေသလား။ ၃.ဂ မှာ ဒီဇိုင်းအသစ်နဲ့ ပိုမိုလွယ်ကူ ချောမွေ့စေဖို့ ဖန်တီးပေးထားပါတယ်။ ကြီးမား ကျယ်ပြန့်တဲ့ မော်နီတာတစ်ခုသာ ရှိပါစေ။ လွတ်နေတဲ့ နေရာတွေမှာ ဝစ်ဂျက်ဧရိယာတွေကို တစ်ခုနဲ့တစ်ခု ဘေးချင်း ယှဉ်ထားနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ တက်ဘလက်နဲ့ အသုံးပြုနေတာလား။ ထည့်လိုတဲ့ ဝစ်ဂျက်ကို ထိရုံနဲ့ပဲ ထည့်သွင်းနိုင်ပါတယ်။


 

Twenty Fourteen အခင်းအကျင်းအသစ်

နှစ်ဆယ် ဆယ့်လေး

Twenty Fourteen ဆိုတဲ့ အခင်းအကျင်းအသစ်ကို ၃.ဂ မှာ ထည့်သွင်းပေးလိုက်ပါတယ်။ အရင်လို ဘလော့ဂ်ပုံစံ အသားပေးမဟုတ်ပဲ မဂဇင်း ဒီဇိုင်းအသစ်နဲ့ပဲ ဖြစ်ပါတယ်။ ဦးစားပေး အကြောင်းအရာတွေကို ဖော်ပြဖို့အတွက် စလိုက် သို့မဟုတ် အကွက်တစ်ခုကို ရွေးချယ်နိုင်ပြီး ဝစ်ဂျက်ဧရိယာ သုံးခုနဲ့ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်။ ဒါမှမဟုတ် စံပုံစံ နှစ်ခုပါတဲ့ စာမျက်နှာ တန်းပလိတ်နဲ့ နေရာချထားမှုတွေကို ပြောင်းလဲနိုင်ပါတယ်။

ယခု ၃.ဂ မြန်မာဗားရှင်းမှာတော့ ဘာသာပြန်အပြင် အင်္ဂလိပ်ဂဏန်းများကိုပါ မြန်မာလို ဖြစ်အောင် ပြုလုပ်ပေးထားပါတယ်။